အလယ်တွင်ပုံလောင်းခြင်း (Tote betting) တွင် လျော်ငွေကို မည်သို့ တွက်ချက်သနည်း။
နိုင်သည့်လျော်ငွေတွက်ချက်ရာတွင် လောင်းသည့်ငွေပမာဏ (ဖြတ်ယူစရာရှိသည့် ငွေကိုဖြတ်ယူပြီးသား) ကို နိုင်သည့် ထိုးသား အရေအတွက်ဖြင့်စားသည့်နည်းဖြင့် တွက်ချက်သည်။ ဖြတ်ယူသည့် ရာခိုင်နှုန်းမှာ အလယ်ပုံဒိုင်(အိမ်ရှင်)နှင့် ၎င်းဆောင်ရွက်သည့် နိုင်ငံပေါ်တွင်မူတည်၍ကွဲပြားသည်။
ဥပမာ-အောက်ဖော်ပြပါဇယားတွင် မြင်း(၅)ကောင်ပါဝင်သောပြိုင်ပွဲတစ်ခုအတွက် အလယ်ပုံလောင်းကြေးမှ(၁၀)ရာခိုင်နှုန်း ဖြတ်ယူထားသည်ကိုတွက်ပြပြီး မြင်းအလိုက် ရရှိသည့် လျော်ငွေကိုဖော်ပြထားသည်။
အလယ်ပုံလောင်းကြေးပမာဏ း ဒေါ်လာ ၂၆၅
မြင်း | လောင်းကြေး | ကံကြမ္မာတွက်ချက်မှု | အလယ်ပုံ ကံကြမ္မာ |
---|---|---|---|
A | ဒေါ်လာ ၅၀ | ၂၆၅ x (၁-၁၀%) ÷ ဒေါ်လာ ၅၀ | ၄.၇၇ |
B | ဒေါ်လာ ၃၀ | ၂၆၅ x (၁-၁၀%) ÷ ဒေါ်လာ ၃၀ | ၇.၉၅ |
C | ဒေါ်လာ ၂၀ | ၂၆၅ x (၁-၁၀%) ÷ ဒေါ်လာ ၂၀ | ၁၁.၉၃ |
D | ဒေါ်လာ ၁၅ | ၂၆၅ x (၁-၁၀%) ÷ ဒေါ်လာ ၁၅ | ၁၅.၉ |
E | ဒေါ်လာ ၁၅၀ | ၂၆၅ x (၁-၁၀%) ÷ ဒေါ်လာ ၁၅၀ | ၁.၅၉ |
စုစုပေါင်း ဒေါ်လာ ၂၆၅ |
လောင်းကစားသမား X, Y နှင့် Z တို့သည် မြင်းBကို လောင်းရာ အလယ်ပုံလောင်းကြေးတွင် ဒေါ်လာ (၃၀) ရသည်။ မြင်း B နိုင်သောအခါ၊ ၎င်းတို့အားလျော်ရမည့်ငွေကိုအောက်ပါအတိုင်းတွက်ချက်သည်။
ကစားသမား | လောင်းကြေးပမာဏ | ငွေချေခြင်း တွက်ချက်မှု | အနိုင်ရရှိမှု |
---|---|---|---|
X | ဒေါ်လာ ၁၅ | ၇.၉၅ x ဒေါ်လာ ၁၅ | ၁၁၉.၂၅ |
Y | ဒေါ်လာ ၁၀ | ၇.၉၅ x ဒေါ်လာ ၁၀ | ၇၉.၅ |
Z | ဒေါ်လာ ၅ | ၇.၉၅ x ဒေါ်လာ ၅ | ၃၉.၇၅ |
စုစုပေါင်း ဒေါ်လာ ၃၀ |
အလောင်းအစားများအပေါ် လျော်ငွေ တွက်ချက်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုလျှင်၊ ကျေးဇူးပြု၍ ကျွနု်ပ်တို့၏Racing Betting Rules ကိုဖတ်ပါ။
အကြောင်းအရာကိုတစ်ခြားဘာသာစကားဖြင့်ကြည့်မည်။