မိမိ၏ အကောင့်မှငွေကို မည်သို့ ထုတ်ယူနိုင်သနည်း။
သင်ငွေပေးသွင်းရာတွင် အသုံးပြုခဲ့သောငွေပေးချေရေးဝန်ဆောင်မှုမှတဆင့် သင်သည် သင်၏ အကောင့်မှ ငွေထုတ်ရန် SBOTOP သို့ ငွေထုတ်ခွင့်တောင်းခံနိုင်သည်။ သင်၏ယခင်ငွေထုတ်ယူရန်တောင်းဆိုမှု ပယ်ဖျက်ခံရသည် သို့မဟုတ် ငြင်းပယ်ခံရခြင်းမရှိပါက ၊ သင့်အား (၂၄) နာရီအတွင်း တစ်ကြိမ်သာ ငွေထုတ်ခွင့် တောင်းခံခြင်းကို ခွင့်ပြုသည်။ ငွေထုတ်ခွင့် တောင်းခံလွှာပို့လိုလျှင် အောက်ဖော်ပြပါအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ပါ။
- သင်၏ SBOTOP အကောင့်ထဲသို့ ဆိုင်းအင် (Sign in) လုပ်ပါ။ စာမျက်နှာ၏ ထိပ်တွင်ရှိသော ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်း လင့်ခ် (link) ကို နှိပ်ပါ။
ထို့အပြင် စာမျက်နှာ၏ထိပ်တွင်ရှိသော ငွေလက်ကျန် လင့်ခ် (link)ကို နှိပ်ပါ၊ ထို ငွေလက်ကျန် မျက်နှာပြင်၏ အောက်ဆုံးတွင်ရှိသော ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်း ခလုတ်ကိုနှိပ်၍လည်း ငွေထုတ်ခွင့်တောင်းခံနိုင်ပါသည်။ - ငွေထုတ်ခြင်း ခလုတ် (tab) သို့သွားပါ။ ပြီးလျှင် ထိုစာမျက်နှာတွင် သင်၏ အကောင့်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဖော်ပြထားလိမ့်မည်။
- သင်ထုတ်ယူလိုသော ငွေပမာဏကိုထည့်ပါ။ ပြီးလျှင် ငွေထုတ်ခြင်း >> ခလုတ်ကို နှိပ်ပါ။
သင်၏ အကောင့်မှ လက်ကျန်ပမာဏအတွင်းရှိသော ငွေပမာဏကိုသာ သင်ထုတ်ယူနိုင်သည်။
သင်၏ ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်းကို လက်ခံခြင်း/လုပ်ဆောင်ပေးခြင်းနှင့် ပတ်သက်ပြီး ကုန်ကျနိုင်သည် ကုန်ကျမှုအားလုံးကို သင်အကုန်ကျခံရမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားလိုပါသည်။ အကယ်၍ သတ်မှတ်ထားသည့် သွင်းငွေ၏ ၃ ဆကိုပြန်လောင်းပေးရန်ပျက်ကွက်ခဲ့ပြီး ငွေထုတ်ယူဖို့တောင်းဆိုပါက သွင်းငွေပမာဏ သို့မဟုတ် ထုတ်ငွေပမာဏ သို့မဟုတ် နှစ်ခုစလုံး၏ပမာဏအပေါ် တွင် လုပ်ဆောင်ကြေးအဖိုးအခအဖြင့် 5% ကိုပေးချေရမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ထို့ကဲ့သို့သော ကုန်ကျမှုများကို မကောက်ခံပဲထားကောင်းထားနိုင်သော်လည်း ဤကောက်ခံခြင်း မကောက်ခံခြင်းက ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွင်သာ မူတည်ပြီး သင်၏ရပိုင်ခွင့်အဖြင့် မမှတ်ယူသင့်ကြောင်း အသိပေးအကြောင်းကြားလိုပါသည်။ - ငွေထုတ်ယူမှုအတည်ပြုသောစာမျက်နှာတွင် ငွေထုတ်ယူမည်မှာသေချာလျှင် OK ကိုနှိပ်၍ ငွေထုတ်ယူမှုကို ဖျက်သိမ်းလိုလျှင် "ပယ်ဖျက်မည်" ကို နှိပ်ပါ။
- အကယ်၍သင်၏ ငွေထုတ်ခွင့်တောင်းခံမှု အောင်မြင်လျှင် အတည်ပြုသောစာမျက်နှာတွင် ထိုငွေထုတ်ခွင့်တောင်းခံမှု နှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို ဖော်ပြထားမည်ဖြစ်သည်။ ငွေထုတ်ခွင့်တောင်းခံလွှာများအား ထပ်မံစစ်ဆေးရန်အတွက် SBOTOP သို့ပို့သည်။
- နောင်တွင် လိုအပ်ပါကအသုံးပြုနိုင်ရန်အတွက် ငွေထုတ်ခွင့်တောင်းခံလွှာ အတည်ပြုစာမျက်နှာအား Print ခလုတ် နှိပ်ခြင်းအားဖြင့် ပရင့် (print) ထုတ်ယူထားနိုင်သည်။
- ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်း" လင့်ခ် (link) ကိုနှိပ်ခြင်း၊ "ငွေထုတ်မှတ်တမ်း" ကို နှိပ်ခြင်းဖြင့် သင်တောင်းခံထားသော ငွေထုတ် ခွင့်တောင်းခံလွှာနှင့် ပတ်သက်သော အခြေအနေများကို စစ်ဆေးကြည့်ရှုနိုင်သည်။
ငွေထုတ်မှတ်တမ်း" : ရက်ပေါင်း (၃၀) အတွင်းငွေထုတ်ယူထားမှုများကိုသာ "ငွေထုတ်မှတ်တမ်း" တွင် ဖော်ပြထားသည်။
လိုက်ဖ်ချက်: လိုအပ်လျှင် စာမျက်နှာ၏ညာဖက်အပေါ်ဆုံးတွင်ရှိသော လိုက်ဖ်ချက် အိုင်ကွန်ခလုတ် (icon) ကိုနှိပ်၍ ကျွန်ုပ်တို့၏ အကြံပေးများထံမှ မေးမြန်းအကူအညီရယူဆောင်ရွက်နိုင်သည်။